How To Access Wikipedia Offline - Kiwix

လွန်ခဲ့တဲ့ ၁၈ နှစ်ကျော် (ဇန်နဝါရီ ၁၅၊ ၂၀၀၁) က ဝီကီ (Wikipedia) ကို စပြီးအသက်ဝင်ခဲ့တယ် ဆိုပေမယ့် ၂၀၀၇ ခုနှစ်မှာမှ ထဲထဲဝင်ဝင် စဖတ်ဖြစ်ခဲ့တယ်။ အဲ့မတိုင်ခင်က ကွန်ပျူတာဆိုတာ ကောင်းကောင်းမသုံးတတ်သလို အင်တာနက် ဆိုတာလည်း လက်လှမ်းမမှီသေးဘူး။ လက်ရှိအချိန်ထိ ဝီကီမှာ မြန်မာဘာသာနဲ့ ရေးထားတဲ့ ဆောင်းပါးပေါင်း က ၅၀၀၀၀ မပြည့်သေးပေမယ့် အင်္ဂလိပ်လို ရေးထားတဲ့ ဆောင်းပါးပေါင်းက သန်းနဲ့ချီရှိနေပြီ။ ဆိုတော့ ကိုယ်သိချင်တဲ့ အကြောင်းအရာ တစ်ခုခုကို အချိန်တိုအတွင်း...

Features and benefits of Windows 10 Enterprise LTSC

သူများတကာတွေ Windows 10 သုံးနေကြတာတွေ့လို့ ကိုယ့် ကွန်ပျူတာကိုလည်း Windows 10 ပြောင်းသုံး ရင်ကောင်းမလားဆိုပြီး တွေးနေမိသလား။ Windows 10 ကိုသုံးချင်ပေမယ့် တကယ်တမ်း အသုံးချရမယ့်အချိန်မှာ စက်ရဲ့ Hardware Requirements က နိမ့်လို့ Performance မကောင်းမှာမျိုး စိုးရိမ်နေသလား။ လက်ရှိ Windows 10 သုံးနေပေမယ့် အရင်သုံးခဲ့ဖူးတဲ့ Windows (Windows 8.1, 8, 7) တွေလို သွက်သွက် လက်လက်မရှိဘဲ နှေးကွေးလေးလံနေတယ်လို့ ခံစားနေရသလား။ ကိုယ်လည်း အမှန်တကယ်သုံးဖြစ်တာမဟုတ်ဘဲ...

Benefits of Using Clean Windows & Office ISO

ဒီဘက်ခေတ်မှာလေ အရာရာတိုင်းက အတုအယောင်တွေများတယ်။ လူတွေ၊ ပစ္စည်းတွေကနေစပြီး အိပ်မက်တွေထိ အတုအယောင်တွေ ရှိကြတယ်။ အတုတွေများလွန်းလို့ ဘယ်ဟာက အစစ်ဆိုတာကိုတောင် ခွဲခြားဖို့ မဖြစ်နိုင်လောက်တော့တဲ့ အထိပဲ။ နည်းပညာလောကမှာလည်း အတုအယောင်တွေများတယ်။ အထူးသဖြင့် လူအများစု တစိုက်မတ်မတ် သုံးနေကြတဲ့ Operating System တွေ၊ Applications တွေမှာဆို ပိုလို့တောင် အတုအယောင်တွေ များသေးတယ်။ လက်ရှိ ကမ္ဘာ့ဈေးကွက်မှာဆိုရင် လူသုံးအများဆုံး Operating System က Windows...

Zawgyi & Unicode Guide for Windows 10

အခုနောက်ပိုင်းမှာ ကွန်ပျူတာ အသုံးပြုသူ အများစု Windows 10 ကို ဦးစားပေး သုံးလာကြတယ်။ ကျွန်တော် ကိုယ်တိုင်လည်း လက်ရှိ Windows 10 ပဲ သုံးပါတယ်။ Windows 10 သုံးခဲ့တာ ကြာခဲ့ပြီမို့လို့ သူ့ရဲ့ အားသာချက်၊ အားနည်းချက် တော်တော်များများကိုလည်း ကျွန်တော့်အနေနဲ့ တီးမိခေါက်မိရှိပါတယ်။ ခုလက်တလော ကျွန်တော် ပြောပြချင်တဲ့ အကြောင်းအရာတစ်ခုက Windows 10 x64 bit သုံးကြသူအများစု မကြာခဏကြုံနေရတဲ့ မြန်မာစာ၊ မြန်မာဖောင့် အဆင်မပြေတဲ့ ပြဿနာအကြောင်းပါ။  ...

Windows 10 & Myanmar Fonts (Unicode + Non-Unicode) Installation Guide

Windows 10, Myanmar Fonts and Configuration Settings Review ဆိုပြီး ၂၀၁၄ ခုနှစ် Windows 10 ပေါ်ခါစတုန်းက စရေးဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲ့နောက်ပိုင်း ဘလော့ကို ပုံစံပြင်ရုံကလွဲပြီး ဘာမှမလုပ်ဖြစ်၊ စာလည်း မရေးဖြစ်ခဲ့တာ တစ်နှစ်တောင် ကျော်ခဲ့ပြီပေါ့။ မှတ်မှတ်ရရ ၂၀၁၅ ခုနှစ်ထဲမှာ ဘာတစ်ခုမှကို မရေးဖြစ်ခဲ့ဘူး။ အဲ့နောက်ပိုင်း Windows 10 ကို တင်လိုက်ချလိုက်၊ Virtual နဲ့စမ်းလိုက်တော့ လုပ်ဖြစ်တယ်။ အဲ့လိုစမ်းဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ရုံးသုံးအဖြစ်...

Creative Commons Licenses and Their Usages

Creative Commons အကြောင်းရေးဖို့ လွန်ခဲ့တဲ့ (၄)လလောက်က စိတ်ကူးစရတယ်။ စိတ်ကူးရမိခြင်းရဲ့ အကြောင်းက ဖတ်နေကျ Digital Inspiration မှာ Which Creative Commons License is Right for me?ဆိုတဲ့ ဆောင်းပါးကို ဖတ်မိခဲ့ရာကနေ စတယ်လို့ ဆိုရမယ်။ ဘယ်နေရာကြည့်ကြည့် CopyRight ဆိုတာတွေ တအားပေါများနေတဲ့ ခေတ်မှာ Creative Commons License ဆိုတာလေး ရှိနေသေးတာက စိတ်ထဲမှာ နည်းနည်းလေး အသက်ရှုချောင်သွားသလို ခံစားရတယ်။  ဘာလို့လည်းဆိုတော့ ကိုယ်ကိုယ်တိုင်က...

10 URLs That Every Google User Should Know

တစ်ခုခုကို Google မှာ ရှာတိုင်း လိုအပ်တာနဲ့ အနီးစပ်ဆုံး ထပ်တူကျနိုင်တဲ့ ကြော်ငြာတွေ ဘယ်ကနေ ရောက်လာသလဲ ? အရင်ကရောက်ခဲ့တဲ့ နေရာကတွေကို ကိုယ်ကိုယ်တိုင်က မမှတ်မိပေမယ့် Google ကဘာလို့ အကုန်မှတ်မိနေရတာလဲ ? မတော်လို့များ Administrator Password မေ့သွားခဲ့သော် ဘယ်လိုဆက်လုပ်ရမလဲ ? ကိုယ်က ဘာစိတ်ဝင်စားတယ် ဆိုတာ Google က ဘယ်လိုဆုံးဖြတ်သလဲ ? နောင်တစ်ချိန်မှာ Google နဲ့ အဆက်ဖြတ်ဖို့ ဆုံးဖြတ်မိရင် Google Services မှာသိမ်းထားမိတဲ့ ကိုယ့် ​ဒေတာတွေကို...

How To Sync Any Folder To Dropbox Easily

Cloud Storage နဲ့ ပတ်သတ်ရင် ခုချိန်ထိ Dropbox ကိုပဲ စွဲစွဲမြဲမြဲ သုံးနေဖြစ်သေးတယ်။ ခုချိန်မှာ Dropbox ထက် Storage Space ပိုပေးနိုင်တဲ့ တခြား Services တွေ အများကြီး ရှိနေပြီ ဆိုပေမယ့် ခုချိန်ထိ Dropbox ကိုပဲ စွဲစွဲမြဲမြဲ သုံးဖြစ်နေရတဲ့ အကြောင်းက သုံးရလွယ်တယ်။ သစ္စာရှိတယ်။ အလကားသုံးနေတဲ့ User ပဲ ဆိုပြီး ဘယ်တော့မှ ပြစ်ပြစ်ခါခါ မလုပ်တတ်ဘူး။ လွန်ခဲ့တဲ့ ၅ နှစ်နီးပါးလောက်က Dropbox နဲ့ စရင်းနှီးခဲ့ပြီး အကောင့်တစ်ခု စလုပ်ခဲ့တယ်။ ပိုက်ဆံပေးမသုံးနိုင်တော့...

Windows 10, Myanmar Fonts and Configuration Settings Review

Windows 10 ကို Virtual Box နဲ့ စမ်းသုံးကြည့်လိုက်တော့ အမြင်အားဖြင့် ဘာမှ သိပ်ထူးခြားမှု မရှိသလို ထင်ရပေမယ့် လက်တွေ့မှာ အပြောင်းအလဲ အတော်များများ ပြုလုပ်ထားတာ တွေ့လာရတယ်။ ဝင်းဒိုးထဲစဝင်ဝင်ချင်းမှာ ပထမဆုံး သတိထားမိတာက Start Menu - သိရသလောက် Desktop နဲ့ Laptop Users အများစုက Charms Bar နဲ့ Start Menu Screen ကို သဘောမကျကြဘူး။ လှသလိုလို ခံစားရပေမယ့် Touch-Enabled Devices မဟုတ်လို့ ထင်သလောက် အသုံးမတဲ့ဘူးလို့ ယူဆလို့ရတယ်။ ဒါကို မိုက်ကရိုဆော့ဖ်ကလည်း...

Road To Recovery

တစ်နေ့က အသိတစ်ယောက်ရဲ့ ကွန်ပြူတာ ဝင်းဒိုးတင်ရင်းနဲ့ ဒေတာ ပျောက်တဲ့ ပြဿနာ တက်တယ်။ Partitions တွေကို မှားပြီး Format ချမိရာကနေ ဖြစ်တာလို့ ပြောတယ်။ ​သူက ဒေတာတွေ ပြန်လိုချင်တယ်။ အဲ့စာကို တွေ့တွေ့ချင်းပဲ စာပြန်ဖို့ ကြိုးစားပေမယ့် သူရော ကျွန်တော်ရော ကံဆိုးခဲ့တယ်။ ရေးလက်စ လမ်းတစ်ဝက်မှာ မီးအားစောင့်တက်ပြီး ကျွန်တော့် ကွန်ပြူတာအဟောင်းက Adapter ကြွသွားတယ်။ အဲ့ဒီ IBM Laptop က ဘက်ထရီမကောင်းတော့ Adapter ကို အားကိုးပြီး ရပ်တည်နေတာ ကြာပြီ။...

How to Convert Entire Unicode Blog to ZawGyi One

ဒီအကြောင်းအရာတစ်ခု ဖြစ်လာဖို့ နှစ်နဲ့ချီပြီး သန္ဓေတည်ခဲ့တယ်။ ဖြစ်ပုံက ၂၀၀၉-၂၀၁၀ ဝန်းကျင်လောက်မှာ နည်းပညာအကြောင်း အသားပေးရေးကြတဲ့ ဘလော့ဂါအများစု အပါအဝင် တစ်ခြားဘလော့ဂါတွေပါ ဇော်ဂျီနဲ့ ရေးနေရာကနေ ယူနီကုတ်-ယူနီကုတ်ဆိုပြီး ယူနီကုတ်ကို ပြောင်းရေးကြဖို့ ဆော်သြလာကြတယ်။ တစ်ချို့လည်း နေမြဲအတိုင်း ဇော်ဂျီနဲ့ပဲ ဆက်ရေးခဲ့ကြသလို တစ်ချို့တစ်ချို့လည်း အလားအလာ ကောင်းတယ်လို့ ထင်ကြေးပေးကြတာများတဲ့ ယူနီကုတ်ဘက်ကို ဘက်ပြောင်းချင်တာနဲ့ လက်ရှိရေးလက်စ ဇော်ဂျီဘလော့ကို...

The Best Services for Large Files Sharing

အင်တာနက်ထဲမှာ အကြောင်းတစ်စုံတစ်ရာကြောင့် တစ်စုံတစ်ခုကို တစ်စုံတစ်ယောက် ဆီ အွန်လိုင်းကနေ ပို့ချင်တယ်ဆိုရင် ပုံမှန်ကျွန်တော်တို့ လုပ်ဆောင်နေကျ လုပ်ထုံးလုပ်နည်း (၂)မျိုးရှိပါတယ်။ အဲ့ဒါက -  ကိုယ်ပို့ချင်တဲ့ ဖိုင်ဟာ အရွယ်အစားသိပ်ကြီးကြီးမားမား မဟုတ်ဘူးဆိုရင် Email နဲ့အတူ တွဲပြီးပို့တယ်။  တကယ်လို့ ကိုယ်ပို့ချင်တဲ့ဖိုင်က Email နဲ့ တွဲလို့ရလောက်တဲ့ ပမာဏထက် ကျော်နေမယ်ဆိုရင် File Hosting Service တစ်ခုခုမှာ Upload တင်ပြီး ရလာတဲ့ Link...